How to Register for Online Courses
Updated: Dec 26, 2020
Online Courses တွေ၊ Educational Apps တွေ တွက် Register လုပ်နည်း
အွန်လိုင်းသင်တန်းတွေ၊ ပညာရေးဆိုင်ရာ နဲ့ ဘာသာစကား apps တွေရှယ်ပေးတိုင်း Register/Sign up လုပ်တာနဲ့ပတ်သက်ပြီးအခက်ခဲရှိနေသူတွေရှိသေးလို့ ခုပိုစ့်ကိုရေးပေးပါတယ်။
ခုလို အိုင်တီခေတ်မှာ အွန်လိုင်းပညာရေးက နေရာယူသထက်ပိုယူလာတော့မှာဖြစ်လို့ Online Learning လုပ်ရာမှာ အခြေခံဖြစ်တဲ့ အွန်လိုင်းကနေ Register/Sign up လုပ်ထားပုံ ကိုသိထားဖို့အရေးကြီးပါတယ်။
အွန်လိုင်းသင်တန်း ဖြစ်ဖြစ် ဘာသာစကား apps တွေဖြစ်ဖြစ် အွန်လိုင်းကနေစဝင်၊စတင်လေ့လာနိူင်ဖို့ Register နာမည်စာရင်းသွင်းထားတဲ့အခါ အဓိကဖြည့်ခိုင်းတာက မိမိနာမည်၊ အီးမေလ်းလိပ်စာ နဲ့ ပတ်စဝေါ့ပါ။
(Name, Username, Email, password စတာတွေပါ။)
Academic တွက်မဟုတ်လို့ Name, Username တွက်ကို
မိမိနာမည်အရင်း ပေးရမယ်လို့ မသတ်မှတ်ထားပါဘူး။ မိမိနှစ်သက်ရာနာမည်တစ်ခုခုကိုပေးနိူင်သလို နာမည်ရင်း ပေးချင်လည်း ပေးနိူင်ပါတယ်။
ဆိုင်ရာ သင်တန်းလေ့လာမယ့်အကောင့်မှာ မိမိပေးထားတဲ့ Username ကို မြင်ရမှာဖြစ်ပါတယ်။
အခမဲ့အွန်လိုင်းသင်တန်းအများစုက သင်တန်းပြီးဆုံးကြောင်းလက်မှတ် ကို အခမဲ့ထုတ်ပေးတာ အရမ်းနည်းပါတယ်။ တစ်ချို့တစ်လေ တော့ထုတ်ပေးပါတယ်။ Certificate အခမဲ့ထုတ်ပေးတဲ့သင်တန်းဆို Certificate မှာ မိမိပေးထားတဲ့ Name အတိုင်း ထည့်ပေးမှာဖြစ်ပါတယ်။
အီးမေလ်း လိပ်စာကလည်း မိမိရဲ့ ရုံးသုံး၊ကျောင်းသုံး အီးမေလ်းလိပ်စာ ပေးစရာမလိုပဲ တစ်ခြားလိပ်စာ တစ်ခု ပေးနိူင်ပါတယ်။ အဓိက မိမိပေးထားတဲ့ လိပ်စာက မိမိအချိန်မရွေး Sign in/ Sign out လုပ်လို့ရတဲ့ Valid account ဖြစ်ဖို့လိုပါတယ်၊ အဲဒါမှ သက်ဆိုင်ရာ အွန်လိုင်း သင်တန်း သို့မဟုတ် apps တွေက မိမိအီးမေလ်ဆီ Confirmation မေလ်းပို့ပေးတာကို ဝင်ကြည့်လို့ရမှာ ဖြစ်လို့ပါ။
Confirmation မေလ်းဝင်လာရင် ဖွင့်ပြီး မေလ်းထဲ ဖော်ပြထားတဲ့ ညွှန်ကြားချက်အတိုင်း လုပ်ပေးရပါမယ်။
များသောအားဖြင့် Click here ဆိုတာ ပါပြီး အဲတိုင်း နှိပ်ပေးပြီး Confirm လုပ်ပေးရုံပါ။
AI တွေကလည်း မခေတာမို့ တစ်ချို့ Confirmation တွေမှာ အီးမေလ်းပိုင်ရှင်က လူသား ဟုတ်မဟုတ် စမ်းသပ်တဲ့မေးခွန်းမျိုး ပါတတ်ပါတယ်။ ( ဥပမာ - I'm not a robot ဆိုတာကို အမှန်ခြစ်ပေးရတယ်၊ ပြီးရင် ဆက်ပြီး ပုံတွေပေးထားမယ် ပုံတွေထဲ ကားပုံ ၊ ရှုခင်းပုံ၊ လမ်းအမှတ်သား စသဖြင့် ရွေးခိုင်းတာမျိုးပါ။ ရွေးခိုင်းတာကို အမှန်ခြစ်ပြီးမှ Confirm လုပ်ရပါတယ်။)
Academic တွက် သုံးတဲ့ အီးမေလ်းလိပ်စာ မပေးဖို့ အကြံပေးရတာက ကိုယ့် အကောင့်ရဲ့စီကျူရတီ တွက် နဲ့ အကောင့်ထဲ မေလ်း Spam တွေ အများကြီး မဝင်အောင်ဖြစ်ပါတယ်။
Password ပေးတဲ့အခါ မှာ မိမိအီးမေလ်းရဲ့ နဂိုမူလ ပတ်စဝေါ့အမှန်ပေးစရာမလိုပဲ မိမိမှတ်မိလွယ်တဲ့ ပတ်စဝေါ့တစ်ခုပေးပြီး မိမိဘာသာသေချာ မှတ်ထားပါ။
သင်တန်းတွေအများကြီး၊ apps အများကြီး တွက် ပတ်စဝေါ့ တစ်ခုတည်း ကိုသုံးလို့ရပါတယ်။
နဂိုမူလပတ်စဝေါ့ပေးမိရင် ဆိုင်ရာ သင်တန်း၊ apps တွေက မိမိရဲ့ အီးမေလ်း account ကို Access လုပ်လို့ရနိူင်တာကို သိထားရမှာပါ။
အထက်ကအဆင့်တွေပြီးလို့ Register လုပ်ထားပြီး ပြီဆို မိမိတက်မယ့်သင်တန်းရက်မှာ မိမိစာရင်းသွင်းထားတဲ့ Username သို့မဟုတ် အီးမေလ်းလိပ်စာနဲ့ ပတ်စဝေါ့ ပေးပြီး ဝင်လေ့လာလို့ရပါပြီ။
Apps ဆိုရင် လည်း Apps ထဲက သင်တန်းတွေကို နှစ်သက်ရာ တက်ရောက်နိူင်ပါပြီ။
ပိုစ့်အရှည်ကြီးရေးပေးထားလို့ အဆုံးထိဖတ်ပေးကြဖို့ မျှော်လင့်မိပါတယ်။
အဆင်ပြေကြပါစေ။
#ISFMS #scholarshipformyanmar #OnlineLearning #OnlineLanguageLearning #FreeOnlineCourses