Jardine Foundation Scholarships
Jardine Foundation Scholarships
Jardine Foundation ပညာသင်ဆုက UK နိူင်ငံရှိ University of Cambridge နဲ့ University of Oxford တက္ကသိုလ်နှစ်ခုမှာ တက်ရောက်သင်ကြားနိူင်ရန်အတွက် ပေးတဲ့ Fully-funded
ပညာသင်ဆုဖြစ်ပါတယ်။ Undergraduate တွက်ပေးတဲ့ပညာသင်ဆုဖြစ်ပေမယ့် Postgraduate တွက် လည်း အရေတွက်ကန့်သန့်ပြီးပေးပါတယ်။
Jardine Foundation က ကမ္ဘောဒီးယား၊ တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်း နှင့် ဗီယက်နမ် စတဲ့ နိူင်ငံ ၁၁ နိူင်ငံက ကျောင်းသားပေါင်း ၃၂၃ ယောက်ကိုပညာသင်ဆု ပေးထားပြီး ဖြစ်ပါတယ်။
Postgraduate တွက်ပညာသင်ဆုရွေးချယ်ရာတွင်
Oxford (သို့မဟုတ်) Cambridge တက္ကသိုလ်မှာ ကျောင်းဝင်ခွင့်ရရှိထားသူများကိုဦးစားပေးရွေးချယ်မှာဖြစ်ပါတယ်။
လျှောက်ထားနိူင်သော ဘာသာရပ်
University of Cambridge အောက်က Colleges လေးခု (Downing, Magdalene, Peterhouse, Trinity) နှင့်
University of Oxford အောက်က Colleges လေးခု (Exeter, Oriel, The Queen’s, Trinity) မှာ ပို့ချသော ဘာသာရပ်များကို လျှောက်ထားနိူင်ပါတယ်။
အသေးစိတ်ဝင်ကြည့်ရန်
University of Cambridge
University of Oxford
လျှောက်ထားနည်း
အထက်တွင်ဖော်ပြထားသော ကောလိပ်ရှစ်ခုတွင် ပို့ချသော ဘာသာရပ်များကို ရွေးချယ်ပြီး
ကျောင်းဝင်ခွင့်ကို အရင်ဆုံးလျှောက်ထားရပါမည်။
ပညာသင်ဆုတွက် ကျောင်းဝင်ခွင့်လျှောက်လွှာမိတ်တူနှင့်တွဲတင်ပေးရပါမည်။
ကျောင်းဝင်ခွင့်လျှောက်ထားနည်းကို သက်ဆိုင်ရာ ကောလိပ် Website ထဲမှာ ဝင်ဖတ်နိူင်ပါတယ်။
လိုအပ်သောစာရွက်စာတမ်းများဝင်ကြည့်ရန်
https://www.jardines.com/en/community/foundation_applications.html
Jardine Foundation Scholarships ပညာသင်ဆုကို နှစ်စဉ် ဩဂုတ်လလယ် တွင် စတင်လျှောက်ထားနိူင်ပါမည်။
ပညာသင်ဆုအကြောင်း အသေးစိတ် ဆက်ဖတ်ရန်
https://www.jardines.com/en/community/foundation.html
https://www.jardines.com/assets/files/Community/Foundation/prospectus.pdf

#JardineFoundationScholarships #UKscholarships #FullyfundedScholarships #ISFMS #scholarshipformyanmar